http://www.thurainbgo.blogspot.com

Monday, June 11, 2012

ချစ်ခဲ့ဖူးတဲ့ကမ္ဘောဇ သူရိန် bgo



စိမ်းလဲ့တောတန်း
ညို့မှိုင်းတောင်ပြာ
ဝင်္ကဘာလမ်း
ရင်မှာလွမ်းကျန်ရစ်
မနေ့တစ်နေ့ကလိုပင်
ချစ်သူနှင့်ဆုံဆည်းခဲ့သောနေရာ
ချစ်လျှက်နဲ့ဝေးသွားခဲ့သောအရာ
နှစ်ဦးသားထားခဲ့ဖူးတဲ့သစ္စာ
အရာရာကိုမေ့ပြောက်နိုင်သူအတွက်
အမှတ်တမဲ့လေးပဲပေါ့
အမှတ်တရနဲ့ တသသလွမ်း
တစ်စ တစ်စကြေကွဲလွမ်းဆွတ်ခဲ့သူအဖို့
(၁၀)နှစ်မဟုတ် နှစ်တစ်ရာလည်းမမေ့သာ
တောင်ပေါ်မြေရဲ့အငွေ့အသက်
ချယ်ရီတွေရဲ့မွှေးရနံ့
မမေ့ရက်နိုင်သူကြီးက
လွမ်းတေးသီကျူးရန်
တစ်ခေါက်ပြန်ခဲ့ပါပြီ …….စောင့်ကြိုသူကင်းမဲ့စွာပေါ့……….။

No comments:

Post a Comment