ကျလိကျလိကျလိ(မာဂဓဘာသာစကား)
မိုးဥတုရောက်ပြီဖြစ်သောကြောင့်မိုးသက်လေညင်းလေးများတိုက်ခတ်နေချိန်
ငှက်ကလေးများပြေးလွားနေရာရှာအသိုက်ဖွဲ့နေလေပြီ
ထိုအထဲတွင် သာလိကာလင်မယားလည်းအပါအ၀င်ပေါ့
သာလိကာဖိုသည် နန်းတွင်း၌ငယ်စဉ်ကပင်နေလာခဲ့ပြီး
လွတ်လပ်ခွင့်ရသည်မှာမကြာသေးပေ ။နန်းတွင်း၌နေစဉ်ကကဗျာဆရာကြီး၏အိမ်၌
နေခဲ့ရ၍ကဗျာစာပေများအားအတော်အသင့်ပင်တတ်ကျွမ်းနေပြီဖြစ်သည်။
သာလိကာလင်မယားစကားပြောပုံ........
““အော်ရှင်မရေအရင်ကတော့လေ
နန်းတွင်းမှာအရမ်းပြင်းစရာကောင်းအောင်ကိုပါပဲ
မရမ်းတလင်းကကဗျာဆရာကြီးဆီမှာစာတွေအန်လိုက်
အစားတွေစားလိုက်နဲ့ဟုတ်နေတာပေါ့.....
အသိုက်ဆိုတာဆောက်ရကောင်းမှန်းမသိအောင်ကို
လူတွေကငါ့အတွက်ဆိုအရာရာဖန်တီးပေးခဲ့ကြတယ်.........”””
““အော်ယောင်္ကျားရယ် ဒါပေမဲ့ရှင်ကသူများနဲ့မတူတမူထူးစွာပဲ
ကဗျာစာပေတွေလေ့လာသင်ယူတတ်မြောက်ခဲ့ပါပေါ့
အခုလိုနှစ်ယောက်အတူတွဲတက်ညီလက်ညီလုပ်ရတဲ့ခံစားမှုအပေါ်
ရှင်ဘယ်လိုခံစားရပါသလဲ ဖေကြီးရယ်
“ငါခံစားရတာကဒီလိုပါရှင်မရယ်.........................
ငါ၏ဌာနေမွေးဌာနေက ဒီတောဒီတောင်ဒီမြှောင်ပင်တည်း
ငါ၏ကြီးပြင်းရပ်ဌာနေသည် နန်းနေပြည်တော်ဖြစ်လင့်၏
ကဗျာစာပေသင်ကြားတတ်မြောက် ရေမရှားလောက်တဲ့
နန်းမြို့ပါတည်း ........။
နန်းမြို့ပြည်ထောင်ဒီကောင်နေသည်
မီးရေမရှားမြို့ပေတည်း........။
ညစဉ်အခါထိန်းထိန်ညီးသည့်မီးပန်းမီးနွယ်
လျှံပယ်ဝင်းပအလှအပမြို့လည်းဖြစ်လင့်၏။
ဆန်ရေစပါးပေါကြွယ်ဝသည့်
နန်းနေပြည်တော်ဖြစ်တော့သည်
ယခုအခါရောက် တောစနှောက်သည်
နန်းပြည်ထောင်အောက် မြို့ပင်တည်း
သို့ပင်သော်ညား မီးရောင်မတွေ့
ရေမပြည့်သည့် ဒီလိုဌာနေ
တိုင်းဌာနေသည် မည်သည့်လက်အောက်
ခစားဦးညွှန့် အခွန်သွန်းသည်မို့လဲ
အော်ကွာပါ့ကွာပါ့အော်ကွာပါ့ .....လား..ကွယ်
''''''အော်တူမလားရှင်ကလဲ
နေပြည်တော်မှာ မှုးကြီးမတ်ရာ သေနာပတိ
နေတာရှိလို့ မီးရောင်က၀င်း လတစ်စင်းပမာပေါ့
တောခြေတလဖုတ်ကျုပ်တို့အရပ်
လူခြေကလပ်မီးကပျက်နဲ့
အင်း..စိတ်ပျက်စရာကောင်းပါဘိတော်ရေ.........။
အဲ့ဘာတဲ့ဒါနဲ့များမီဂါဝက် လားတောဝက်လားမသိပါဘူးပိုလို့ရောင်းစားလိုက်တယ်ဆို
အော်ရှင်မရဲ့တောဝက်တွေကြားရင်းနင့်ကိုအစွယ်နဲ့ထိုးလိုက်မယ်တိုးတိုးပြောစမ်းပါ.....။
ရှင်ကလဲတော်သူတို့မသိလောက်ပါဘူး ...သာလိကာစကားနဲ့ပြောတာကို................
ဟီးဟီးငါလည်းမေ့သွားလို့ပါရှင်မရဲ့ .........ကျလိ..ကျလိ...ကျလိ.....။
ဟုတ်ပါပြီရှင်ကြီးရယ်....ကျလိ..ကျလိ..ကျလိ....ကွိကွိကွိ.......ကလိကလိကလိ.....ဟိဟိ...
ပြီး၏။
သူရိန်bgo
No comments:
Post a Comment