http://www.thurainbgo.blogspot.com

Sunday, July 8, 2012

အခါအသက်မကချစ်လိုပြီ သူရိန်(bgo)

ငါလေနင့်ကိုအရမ်းချစ်ပါ၏
လွမ်းသင့်တဲ့အချိန်လွမ်း၍
နမ်းသင့်တဲ့အချိန်
မနမ်းရတာကလွဲရင်
နင်ဟာငါ့ချစ်သူပါပဲ
ငါချစ်တဲ့သူပေါ့
နင်ကချစ်လားငါမသိရပေမဲ့
ငါချစ်တာကိုလည်းနင်မသိစေရဘူး
အတ္တကြီးတယ်တဲ့လူတွေကပြောတယ်
မဟုတ်ဘူးအချစ်ကြီးတာ
ကမ်းလင့်တဲ့လက်ကိုမှခါချရင်
မနမ်းသင့်တဲ့နင့်ပါးလေးကို
ငါ့ရှေ့မှာလာလာမပြနဲ့
ဖွက်ထားလိုက်………
ငါစိတ်တိုတဲ့အချိန်ဆွဲနမ်းမိမယ်….
အသဲတခြမ်းထိနင့်ကိုပေးမယ်
တခြမ်းကနင်ခွဲသွားရင်အသဲကွဲဖို့
အပိုထားထားတာ….
အချစ်ဆိုတာဘာလဲနင်သိလား
အချစ်ဆိုတာချစ်လိုရင်
ပျော်စရာကောင်းတယ်တဲ့
မချစ်လိုတဲ့နင့်ကိုငါထပ်ပြောလိုက်မယ်
အခါအသက်မက
နင့်ကိုချစ်လိုပြီလို့လေ..................။
                                                သူရိန်  (bgo) 
>.<
 


No comments:

Post a Comment