အပျိုကြီးရေ
လူပျိုကြီးစာရေးလိုက်ပါတယ်
လူပျိုကြီးကလေအပျိုကြီးကိုအရာရာပုံအပ်ပြီးချစ်ခဲ့ရတာပါ
အချစ်ဆိုတာလေတစ်ခါတလေကျတော့ဗရိုင်းသီးလိုပါပဲ
စားရင်ရူးတတ်တယ်တဲ့
ရူးရင်ရူးမှုးရင်လည်းမှုးပါစေ
လူပျိုကြီးကတော့ချစ်ပါရစေ
စတွေ့စကမှတ်မိလေရဲ့
အပျိုကြီးရဲ့အကြင့်ပါနေတဲ့လက်က
ကျောင်းသားတွေတင်မဟုတ်
လူပျိုကြီးခေါင်းကိုဒေါက်ခနဲ့လေ
အဲ့ဒီဒေါက်ခနဲ့မည်တဲ့အသံလေးကိုပဲ
အကြင်နာလို့မှတ်ယူထားတဲ့
လူပျိုကြီးရဲ့အသဲကို
အပျိုကြီးရဲ့ချစ်ခြင်းတွေနဲ့နုတ်ယူပါလေ .........
'' တစ်နေ့တစ်ရက်မမေ့ရက်ခဲ့ပါဘူး
နေ့တွက်သာကိုက်မယ်ဆို
ဘာမဆိုလုပ်ခဲ့တဲ့လူပျိုကြီးရဲ့ဘ၀လေ
ချစ်ခြင်းနဲ့တွေ့တော့
နေ့တွက်ဆိုတာကိုမေ့ပြီပေါ့
အရင်းမရလဲနေပါ
ပြင်းစရာကောင်းလှတဲ့ဒီဘဝ
အပျိုကြီးရဲ့အထုအနှက်
အရိုက်အပုတ်ကြား ကောင်းကောင်းကြီးခစားရင်းနဲ့
ဘောင်းဘောင်းကြီးကျွတ်ကျပါစေတော့
လုပ်ကျွေးပါစေအချစ်ရေ....အဲ့အပျိုကြီးရေ.......။"
No comments:
Post a Comment