http://www.thurainbgo.blogspot.com

Thursday, August 16, 2012

တိုက်ပွဲ

တိုက်ပွဲတစ်ခုအတွက် မိုက်မဲခဲ့ကြတာ မဟုတ်ဘူး
လိုက်ရဲသူက ခပ်ရှားရှားရယ်
မိုက်မဲသူလို့ ပြောခဲ့တဲ့ ငတုံးတစ်ကောင်ကို
ရှင်းပြနေလို့လည်း ဒီတိုက်ပွဲ အောင်နိုင်မှာမို့လား
သက်စွန့်ကြိုးပန်း ဒီလမ်းခရီး
ပင်ပန်းကြီးစွာရှောက်လှမ်းရင်းပေါ့


ပြင်းလွန်းတဲ့ကြည်တစ်တောင့်
ငါ့ရင်ကိုလာဖေါက်ခဲ့တယ်
တောက် .........ဘယ်ခွေးမသားကပစ်လွတ်လိုက်မှန်း မသိလိုက်
နာကြင်မှုထက် အောင်မြင်မှုပန်းတိုင်  မရောက်မှာကိုပဲစိုးရိမ်ခဲ့
အဲ့သလိုခံယူချက် ပြင်းလွန်းသော
တပ်မတော်သားတစ်ယောက် အတွက်
ချစ်ခြင်းဆိုတာ စစ်ခင်းယူလို့ရရောလား
ရှေ့တမ်းမှာ တိုက်ပွဲခေါ်သံကြားချိန်
နောက်တမ်းကချစ်သူက စောက်ရမ်းကိုကဲနေတာလေ
ဘာကိုမှအာရုံမစိုက် အမောင်အလိုလိုက်တာက
တောင်ညိုတစ်ဝိုက်က ရန်သူငမိုက်တွေသာ
အမောင်တိုက်ပွဲကအပြန် အသက်ကပါမလာပေမဲ့
လက်လက်သာနေတဲ့လမင်းကြီးအောက်မှာ
အမောင့်ချစ်သူက အသစ်လူတစ်ယောက်နဲ့ပေါ့
အော်....ချစ်သူတစ်ယောက်မို့အပြစ်မယူလောက်လို့တောင်
ပြောမသွားနိုင်ရှာသော.......လူတစ်ယောက်ပေါ့...။

 သူငယ်ချင်းတပ်မတော်သားတစ်ယောက်၏ဖြစ်ရပ်မှန်လေးပါသူငယ်ချင်းအားသတိရတမ်းတစွာဖြင့်

No comments:

Post a Comment