အချစ်အမုန်းအပြုံးနှလုံးသားနဲ့ရင်း၍
ချစ်ကြကြိုက်ကြခံစားတတ်ကြသူများအား
နားလည်ပေးလိုပါသည်။
ရိုမီရို နှင့် ဂျူးလီးယက်
အာဒံနှင့်အေဝ
၎င်းတို့ကဲ့သို့အချစ်ကြီးခဲ့ကြသော
လူမသိသူမသိချစ်သူများအားလေးစားပါ၏။
အချစ်ဆိုတာအမြဲတမ်းပေါင်းဖက်ရမည်ဟု
မည်သည့်ဆရာသမားများမှမမိတ်ကြားခဲ့သလို
အမြဲတမ်းကွဲကွာရမည်ဟုလည်း
မည်သည့်ဆရာသမားများမှမမိတ်ကြားခဲ့
သို့သော်တစ်ချိန်တွင်တော့လူတိုင်းခွဲခွာကြရမည်ဟုတော့
လူတိုင်းသိနေကြပါသည်။ သို့သော်မေ့ထားကြသည်။
မည်သို့ပင်ဆိုစေကာမှု
လူသားတိုင်းအချစ်နဲ့မကင်းနိုင်ကြ
အချစ်နှင့်အသက်ရှင်ကြ
အချစ်ကြောင့်ကြေကွဲကြ
အချစ်ကြောင့်စစ်ဖြစ်ကြ
အချစ်ကြောင့်ငြိမ်းချမ်းကြရသည်
ထို့ကြောင့်အချစ်သည်အရာရာတိုင်းတွင်65%နုံးခန့်ပါဝင်ပက်သက်လျှက်ရှိသည် ။
အချစ်ဆိုတာကိုအမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြသည်။သို့သော်အတိအကျမရှိ
ထိုသို့သောအကြောင်းတရားများကြောင့်အချစ်ဆိုသည်မှာအသုံးပြူသူ၏စရိုက်ကိုလိုက်၍ပြောင်းလဲတတ်
ပါသည်။သင်ရောအချစ်ဆိုတာကိုဘယ်လိုဖွင့်ဆိုချင်ပါသေးသလဲသူငယ်ချင်း..........။
အချစ်ဆိုတာ
အချစ် ဆိုတာ ဒုက္ခ၇ဲ့ အစလို့ ဖွင့်ချင်ပါတယ်
ReplyDeleteကဲကဲ........အကောင်းပြောမယ်။ အချစ်ဆိုတာ ရှုံနိမ့်တာလို့ပဲ အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က လူ၁ယောက်ကို ချစ်မိရင် သူစိတ်ကောက်မှာ သူညိုညှင်မှာကိုပဲ စိုးရိမ်နေရတယ်လေ။ သူမှားရင်လည်း တောင်းပန် ကိုယ်က မှန်နေရင်လည်းအလျှော့ပေးရ ဒါတွေက ရှုံးနိမ့်ခြင်း သင်္ကေတတွေပဲ မဟုတ်လား။ မဟုတ်လည်းနေပေါ့နော် ထင်တာတွေစွတ်ပြောကြည့်တား)
ReplyDeleteကောင်းပါတယ်ဆရာမရဲ့ယူဆချက်တွေက
Delete