အလွမ်းတွေရဲ့တစ်ဘက်ခြမ်းကစောင့်နေတယ်
အချစ်တွေကိုပေါင်းစည်းဖို့စောင့်နေမယ်
တစ်သသလွမ်းတတ်တဲ့အရင်လိုပုံစံမျိုးကိုမလိုချင်တော့ဘူး
ပူပြင်းတဲ့ငါ့ရဲ့အရောင်တွေကိုခဏတာအေးငြိမ်းခွင့်ပြုပါ
ငါ့ဟာနေမင်းကြီးသာဖြစ်ခဲ့မယ်ဆိုရင်
မင်းဟာတော့ငါ့ရဲ့အလိုချင်ဆုံးအေးရိပ်တစ်ခုကလမင်းလေးပေါ့
"ပူလောင်နေတဲ့ငါ့ရဲ့ရင်ခွင်တွေအေးမြစေဖို့နင့်ကိုအလိုရှိတယ်
ဘယ်လိုအကြောင်းတရားပင်ဖြစ်စေ
ငါ့အိမ်မက်တွေထဲကလမင်းဆိုတာနင့်ကိုဖြစ်ခွင့်ပြုလိုက်မယ်"
" ရင်ခွင်မှတစ်သန်းမကသောအချစ်တွေကို
နင်လိုသမျှပေးဆပ်ဖို့ အသင့်ရှိနေပြီ
ဒီရင်ခွင်ခိုလှုံဖို့အတွက်
ပုံပြင်တွေနင်ပြောလည်းငါယုံပါတယ်
အကုန်အစင်ပြောပါရစေ
ငါ့အချစ်တွေကိုတိုက်စားဖို့နင်ဟာလှိုင်းကြမ်းကြီးဖြစ်နေရင်တောင်
ငါ့ရဲ့ကမ်းပါးတွေအတွက်နှောင်တမရဘူး
အရောင်ပြပြပြီးချန်ထားခဲ့တဲ့အရင်ချစ်သူတွေလို
နင့်ကိုငါမပြစ်ရက်တော့ဘူး
တစ်ရာမကသောမိန်းကလေးတွေထဲက
နင့်ကိုရှာတွေ့ထားတာငါမမေ့ပါဘူး
နင့်ဟာငါ့ရဲ့ကိုယ်ပွား
နင်ဟာငါ့ရဲ့အသက်
နင်ဟာငါ့ရဲ့တစ်ဦးတည်းသောချစ်ရသူပါ
နင့်အချစ်တွေကိုထာရသိမ်းဆည်းဖို့
ငါ့ဘ၀ရေထမ်းရောင်းပြီးလုပ်ကျွေးရလည်းတန်တယ်
ငါ့ဘ၀ဟာအလုံးကြီးဆိုရင်နင်ကတစ်ခြမ်းပိုင်တယ်
နေတစ်ခြမ်းလတစ်ခြမ်းပေါ့ချစ်သူ
ကုဋေတစ်သန်းနဲ့မလဲနိုင်ဘူး
အချစ်နှစ်ခုပေါင်းစပ်ပြီး
နေတစ်ခြမ်းလတစ်ခြမ်းအိမ်လေးဆောက်ကြမယ်
နေမှာလား ရေရာမလား သေချာလား ဝေဒနာများပါပဲ................"။
သူရိန် bgo
No comments:
Post a Comment