http://www.thurainbgo.blogspot.com

Wednesday, December 12, 2012

အပြုံးများ၏နောက်ကွယ်


နှလုံးသား ရဲ့အလည်တည့်တည့်မှာစူးနစ်
မူးရစ်စွာ လွမ်း... တမ်း...... တ
ချမ်းလှတဲ့ ဒီရာသီရောက်ပြန်တော့
တကြော့ပြန်လွမ်းတေးသံလေးခံစား
ကြင်သူရဲ့အသံလားအောက်မေ့မိတယ်
တရံတုန်းကပေါ့
ခြံအဆုံးကအုတ်ခုံရုပ်ပုံတွေဝေတ၀ါးနဲ့
ရေဖလားလေးတကိုင်ကိုင်
မြိုင်မြိုင်ဆိုင်တေးသံကြား
မြူးပျော်လှုပ်ရှားနင်ကစားဖူးတယ်
ဆောင်းမနက်ရဲ့အအေးဒဏ်
အတွေးပြန်ပြောင်းပြန်တော့
နှင်းစက်မှုံတွေကြားမှာ
ဂျင်းစကပ်အတိုလေးနဲ့နင့်အလှကြောင့်
ရူးမိုက်မိုက်နဲ့ငါ့ရင်ခွင်
နင်ခိုဝင်အောင်းဖို့ဖြစ်လာတယ်
ချစ်သမျှကိုစာဖွဲ့သီကုန်း
မဒီအမုန်းမရှိပေမဲ့
ဒီအပြုံးရဲ့နောက်ကွယ်မှာ
ငါ့ဘ၀ အထီးကျန်
အကျည်းတန်သူတစ်ယောက်မှာတော့
ဆောင်းမနက်တိုင်း
လွမ်း  နေ    ရ     ပါ     သည်။
                                        သူရိန်(bgo)

No comments:

Post a Comment