http://www.thurainbgo.blogspot.com

Friday, July 20, 2012

ကာရန်ချစ်သတ်ပွဲ


ကာရန်ချစ်သတ်ပွဲ
အသဲကောင်းလို့ပွဲတောင်းတာလားချစ်သူ
ဒါဆိုရင်တစ်ပွဲတစ်လမ်းလောက်အကဲစမ်းရအောင်
အမြဲတမ်းချစ်တဲ့အကြောင်းတွေပြိုင်ပြောရအောင်လေ
ကျား-နင့်ကိုငါကမြင့်မိုရ်တောင်မကချစ်တာ
    -ငါကလည်းနင်ကိုတစ်ရာမကမသာဘ၀ထိချစ်မှာ
ကျား-နင်ကိုချစ်မှာတစ်သက်တာအတွက်ပါ
    -နင်ကတစ်သက်တာအတွက်ငါကဖိနပ်မပါလည်းချစ်မှာ
ကျား-အမြဲတမ်းချစ်တာနင်တစ်ယောက်ပါ
    -အမြဲတမ်းဆိုတာထက်အသဲတစ်ခြမ်းနင့်ကိုပေးထားတယ်
ကျား-မခွဲတမ်းဆိုရင်ရောချစ်သူ
    -ခွဲကြရမယ်ဆိုရင်တောင် ငါ့အသဲတွေဗျမ်းဗျမ်းကွဲပါစေ
       နမ်းနမ်းပေးတဲ့နင့်နှာခေါင်းလေးကိုမမေ့တတ်လို့လေ
       အရမ်းအရမ်းဆွေးနေချင်ပေမဲ့ လွမ်းလွမ်းလေးနဲ့ပဲ
       ချစ်ပါရစေချစ်သူ…………။ 

No comments:

Post a Comment