http://www.thurainbgo.blogspot.com

Monday, July 23, 2012

နောင်တ

ရူးပြီ
ငါတကယ်ကိုရူးသွပ်သွားပြီ
ရင်ကွဲပက်လက်
တစ်စက်စက်နဲ့ငါ့နှလုံးသွေးတွေစီးယိုကျ
ရင်ခုန်တမ်းတလွမ်းရနေ့ရက်တွေ
ချစ်ခဲ့တာလား ၊ ပြစ်ခဲ့တာလား
ယူကျုံးမရတသသနဲ့
ဘ၀ထဲကရတဲ့အသိ
အချိန်လွန်မှနောင်တတဲ့
ရောင်အအနဲ့ငါ့ဘဝ
စိုးထိတ်မှုကင်းမဲ့စွာနေခဲ့တုန်းကမသိခဲ့
ရှိခဲ့ဖူးတဲ့အချိန်
ဘာလို့မသိခဲ့တာလဲ
ရောင်နီကိုမျော်လင့်နေတဲ့
ငှက်ကလေးတစ်ကောင်ရဲ့တေးသွားတစ်ပုဒ်
ငါမဖတ်မိတာမှားလေခြင်းတဲ့လေ........။






No comments:

Post a Comment