ေ၀၀ါးနေတဲ့ ဖြူလွှလွှ
နှင်းမှုံစက်ကလေး တွေကြား
ငါအပြေးကလေး ရှောက်လမ်းနေမိရဲ့
မင်းမရှိတော့သော ဒီလမ်းလေး
မင်းထားခဲ့သောဒီလမ်းလေးမှာပဲ
မင်းရဲ့ အချစ်တွေကိုတစ်ခါကငါရခဲ့ဖူးရဲ့
၂၀၁၂ ရဲ့ ဒီဇင်ဘာ ၂၀၀၂ ရဲ့ ဒီဇင်ဘာ
တူတာကနှင်း မတူတာကတော့မင်းပေါ့
အပြင်မှာနှင်းတွေတစ်ဖွဲဖွဲကျ
ရင်မှာတော့ အလွမ်းတွေတစ်သဲသဲနဲ့ပေါ့
ငါကတော့တစ်ယောက်ထဲနှင်းတွေကြားမှာ
နင်နဲ့ရှောက်မြဲ ရှောက်နေကျလမ်းလေးအတိုင်း
ရောက်မြဲရောက်နေကျပါ
နှင်းစက်ကလေးတွေရဲ့အောက်မှာသာ
ဘယ်သောအခါမှပြန်မရနိုင်တဲ့
ချစ်ခြင်းတရားရဲ့ မျက်ရည်တစ်စက်
မြောပါသွားတာကို လိုက်လံရှာဖွေရင်း ....။
သူရိန်(bgo)
မင်းထားခဲ့သောဒီလမ်းလေးမှာပဲ
မင်းရဲ့ အချစ်တွေကိုတစ်ခါကငါရခဲ့ဖူးရဲ့
၂၀၁၂ ရဲ့ ဒီဇင်ဘာ ၂၀၀၂ ရဲ့ ဒီဇင်ဘာ
တူတာကနှင်း မတူတာကတော့မင်းပေါ့
အပြင်မှာနှင်းတွေတစ်ဖွဲဖွဲကျ
ရင်မှာတော့ အလွမ်းတွေတစ်သဲသဲနဲ့ပေါ့
ငါကတော့တစ်ယောက်ထဲနှင်းတွေကြားမှာ
နင်နဲ့ရှောက်မြဲ ရှောက်နေကျလမ်းလေးအတိုင်း
ရောက်မြဲရောက်နေကျပါ
နှင်းစက်ကလေးတွေရဲ့အောက်မှာသာ
ဘယ်သောအခါမှပြန်မရနိုင်တဲ့
ချစ်ခြင်းတရားရဲ့ မျက်ရည်တစ်စက်
မြောပါသွားတာကို လိုက်လံရှာဖွေရင်း ....။
သူရိန်(bgo)
No comments:
Post a Comment