ချစ်တယ် ချစ်တယ်လို့ ခဏခဏငါမပြောတတ်ဘူး
လွမ်းတယ်လွမ်းတယ်လို့လည်း နင့်အနားငါမချွဲတတ်ဘူး
သတိရတိုင်းလည်းငါဟာ နင့်အပါးရှိမနေခဲ့ဘူး
တီတီတာတာပြောရအောင်လည်း ငါကလေးတစ်ယောက်
မဟုတ်တော့ဘူး
အကြောင်းကြောင်းကြောင့် ငါနင်နဲ့အဝေးမှာ
အနေဝေးခဲ့ရင်တောင် မနေနိုင်ခဲ့ဘူး
ငါဟာလူဆိုးတစ်ယောက် နင့်နဲ့ရှိတဲ့အချိန်
ဆိုရင်တောင် ငါဟာလူကောင်းတစ်ယောက်ပါ
နင်နဲ့ပက်သက်သမျှ ငါအမြဲပေးဆပ်နေချင်ခဲ့တာ
တကယ်တမ်းလမ်းခွဲခဲ့ရင်တောင် ငါ့အချစ်တွေနင့်အတွက်အကုန်ပေးခဲ့ပြီးပြီ
တစ်ချိန်မှာနင်နားလည်လာမယ့်စကားလုံးတွေအတွက်
အခုငါဖြေရှင်းခွင့်မရချင်ပြီ
ခဏတာအတွက်နင်ကြေကွဲပြီး တစ်သက်စာအတွက်ပျော်ရွင်မှုကိုနင်ယူပါ
ငါ့အတွက်ကတော့ ခဏတာကြေကွဲခြင်းမှသည် တစ်သက်တာအတွက်ဆုံးရှုံးခြင်းများကိုသိမ်းပိုက်ရင်း .........။
အချစ်ဆိုတာတစ်ခါတစ်ရံ၌ ဤသို့ဖြစ်တတ်၏
နှလုံးသားနှင့်ရင်း၍
သူရိန်( bgo)
No comments:
Post a Comment