Sunday, July 8, 2012

ကြေကွဲခြင်း/2006 သူရိန် bgo

သူရိန်bgo(ဘ၀တစ်ကွေ့ကဗျာများမှကောက်နုတ်တင်ပြထားပါသည်) ကြေကွဲခြင်း/2006

မနက်ဖြန်ဆိုရင်ခွဲရတော့မယ်ချစ်သူရယ်
မငိုပါနဲ့နော်...မင်းရဲ့မျက်ရည်ဟာ  ငါအတွက်ဆိုရင်မတန်လို့ပါ..........
အသဲကွဲတာဆိုတော်သေးတယ်...ချစ်သူရယ်
မောင့်အသဲတွေကွဲတာမဟုတ်ဘူး ကြေမွပျက်စီးကုန်ပါပြီ
မောင့်မှာမျက်ရည်တွေများလွန်းလို့
မျက်ရည်မိုးလားထင်လေရဲ့
မောင်ကယောကျာင်္းပါ ဒါပေမဲ့ ငိုပါရစေ တစ်ဘ၀လုံးအတွက်ပေါ့......

ကြွေချင်လည်း ... ကြွေ
ဝေချင်လည်း .....ဝေ  စေတော့ 
အကြင်နာအသည်း မောင်အသည်းပန်းကြွေ
နောက်လည်းလွမ်းစေတော့လို့ မပြောရက်အခါခါ
ချောသက်ညှာကို ဝေဒနာ မပေးရက်
ဒဏ်ရာသွေးစက်တွေသည် ကံကြမ္မာ အတွေးတစ်ချက်ရယ်ကြောင့်
ဒီဘ၀အချစ် ဒီမျှနှင့်ပင်မဆုံးချင်
အပြုံးကိုပင် မမြင်ဝံတော့
အမုန်းကိုသာလိုချင်ပါသည်
အဆုံးပြိုလဲချင်လဲပါစေ
သံသရာ အဆွေး ဒဏ်ရာများနဲ့ ဝေးပါရစေ..တော............။

            

No comments:

Post a Comment