Friday, July 27, 2012

ထာဝရအသက်ဆက်ချစ်မှာ

နှလုံးသားအတွက်
တစ်စုံတစ်ရာတောင်းဆိုမှုပြုစေချင်တယ်
ခံစားမှုအတွက်အသက်ကိုစတေးချင်ပေမဲ့
အသက်မရှိရင်မင်းကိုမမြင်နိုင်မှာဆိုးတယ်
ငါ့ခံစားချက်တွေမင်းအတွက်အကုန်မဟုတ်ခဲ့ရင်တောင်
ရှစ်ဆယ်ရာခိုင်းနှုံးထက်ပိုတယ်
ချစ်တယ်ချစ်တယ်လို့ပြောခဲ့တဲ့ငါနုတ်ခမ်းက
မင်းအတွက်တော့ရယ်စရာတဲ့လား
ပလီပလာပြောတတ်တဲ့မင်းနုတ်ခမ်းကတော့
ငါ့အတွက်မင်းမရှိချိန်လွမ်းစရာပေါ့
လွမ်းတယ် လွမ်းတယ်
ချစ်ချစ်ချစ်တယ်တဲ့လေ
အဲ့ဒါဘာကိုပြောတာလဲသိလား
ငါအတွက့်တော့လွမ်းတာလည်းမင်းအတွက်
ချစ်တာလဲမင်းအတွက်
အသစ်မပါပဲရေးခဲ့တဲ့ငါ့ကဗျာအဟောင်းတွေလို
မင်းကိုပြောချင်တာတစ်ခုပဲရှိပါတော့တယ်
 ထာဝရအသက်ဆက်ချစ်မှာပဲလို့လေ....။
သူရိန်(bgo)

 

No comments:

Post a Comment