Wednesday, July 18, 2012

အမုန်းသာထားခဲ့ပါတော့

ချစ်သူ
မင်းရဲ့မထိမဲ့မြင်ပုံစံလေးတွေက
ငါ့အသဲကိုအက်စစ်ထိသလို
တစ်စစ်စစ်နဲ့ အချစ်မည်အောင်လုပ်ပြီးမှ
မမုန်းရက်သူကြီးရဲ့ရင်ကိုခွဲလို့
အသဲကိုရောင်းစားချင်ရောသလား
ငါ့ဘ၀တစ်ခုလုံးပျက်စီးသွားပါစေ
မင်းကိုချစ်ပါရစေ
အချစ်မရှိလို့မနေတတ်တာမဟုတ်ဘူး
မင်းမရှိရင်မနေတတ်တာ
ချစ်တယ်ဆိုတာနှစ်လုံးတည်းတဲ့
ဝါးလုံးကွဲအောင်ရယ်လိုက်ချင်သေး
ငါ့မှာတော့အလုံးတွေများလို့
အပြုံးတွေထားခဲ့ရတဲ့နေ့တွေများလှပေါ့
ဆယ်ကမ္ဘာဆုံးသည့်တိုင်အောင်
မမုန်းမိထိုင်ကာတွေးလို့
နောက်ဆုံးမှာအရှုံးရအောင်
အမုန်းတသသထားရစ်ခဲ့ပါလေ.........။
                                                   သူရိန် bgo

No comments:

Post a Comment